ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး...တဲ့
ဆရာ လယ်တွင်းသားစောချစ်ရဲ့ လက်ရာကောင်း တစ်ခုပါ။ ကျွေးရွာတစ်ခုရဲ့ အလယ်တန်းကျောင်းကို တာဝန်ကျ ရောက်ရှိသွားတဲ့ ကျောင်းဆရာ တစ်ယောက်ရဲ့ ဖြစ်ပုံပျက်ပုံတွေကို ရေးသားခြယ်မှုန်းထားတဲ့ ဝတ္ထုဇာတ်လမ်းလေး တစ်ပုဒ်ပါ။
''စာသင်ကျောင်းဆိုတာ စာကိုပဲ သင်တာမဟုတ်... စိတ်ကိုပါ သင်ပေးရတယ်" တဲ့။
ဒီဝတ္ထုက ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဝတ္ထုပါ။ စာအုပ်ထဲက နည်းနာတွေက စိတ်ကူးယဥ်မဟုတ်။ တကယ်လုပ်ခဲ့တဲ့...တကယ့်နည်းတွေပါ။ တကယ်လည်း အောင်မြင်ခဲ့ပါတယ်။
"စာကိုရော စိတ်ကိုရော အောင်အောင်မြင်မြင်သင်ကြားပေးနိုင်တဲ့ ကျောင်းတစ်ခု ဖြစ်အောင် ဘယ်လိုလုပ်မလဲ'' ဆိုတဲ့ မေးခွန်းကို အဖြေရှာနိုင်ဖို့ ဒီစာအုပ်က အများကြီး အထောက်အပံ့ပေးနိုင်ပါတယ်။