အချစ်ဆုံးသူရဲ့ အတ္ထုပ္ပတ္တိ
နွမ်ဂျာသိုင်းရေးသားတဲ့ အချစ်ဆုံးသူရဲ့ အတ္ထုပ္ပတ္တိ စာအုပ်ပါ။
MRTV4 မှာ ဇာတ်လမ်းတွဲ ပြန်လည်ရိုက်ကူးထားပါတယ်။
နွမ်ဂျာသိုင်းရေးသားတဲ့ အချစ်ဆုံးသူရဲ့ အတ္ထုပ္ပတ္တိ စာအုပ်ပါ။
MRTV4 မှာ ဇာတ်လမ်းတွဲ ပြန်လည်ရိုက်ကူးထားပါတယ်။
ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး...တဲ့
ဆရာ လယ်တွင်းသားစောချစ်ရဲ့ လက်ရာကောင်း တစ်ခုပါ။ ကျွေးရွာတစ်ခုရဲ့ အလယ်တန်းကျောင်းကို တာဝန်ကျ ရောက်ရှိသွားတဲ့ ကျောင်းဆရာ တစ်ယောက်ရဲ့ ဖြစ်ပုံပျက်ပုံတွေကို ရေးသားခြယ်မှုန်းထားတဲ့ ဝတ္ထုဇာတ်လမ်းလေး တစ်ပုဒ်ပါ။
''စာသင်ကျောင်းဆိုတာ စာကိုပဲ သင်တာမဟုတ်... စိတ်ကိုပါ သင်ပေးရတယ်" တဲ့။
ဒီဝတ္ထုက ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဝတ္ထုပါ။ စာအုပ်ထဲက နည်းနာတွေက စိတ်ကူးယဥ်မဟုတ်။ တကယ်လုပ်ခဲ့တဲ့...တကယ့်နည်းတွေပါ။ တကယ်လည်း အောင်မြင်ခဲ့ပါတယ်။
"စာကိုရော စိတ်ကိုရော အောင်အောင်မြင်မြင်သင်ကြားပေးနိုင်တဲ့ ကျောင်းတစ်ခု ဖြစ်အောင် ဘယ်လိုလုပ်မလဲ'' ဆိုတဲ့ မေးခွန်းကို အဖြေရှာနိုင်ဖို့ ဒီစာအုပ်က အများကြီး အထောက်အပံ့ပေးနိုင်ပါတယ်။
စာရေးဆရာမ သျှင်မရဲ့ ပန်းတို့၏ကာရန် စာအုပ်ပါ။ မဟာ application ကနေ အငြိုး ဇာတ်လမ်းတွဲ ပြန်လည် ရိုက်ကူးထားပါတယ်။
မလေးရှားရောက်ခဲ့တဲ့ ဆရာတွတ်တို့ မိသားစုအကြောင်းဖတ်ရမယ့် ကျွန်ုပ်နှင့် ရောမြို့က ပြန်ခဲ့တယ် ...
အမှန်တော့ ရေနံ့သာခင်ခင်ကြီး ဝတ္ထုသည် လူလတ်တန်းစားနှင့် အထက်တန်းစားတို့၏ ဘဝကို အခြေပြုသော မိသားစုနှစ်ခု၏ ကံကြမ္မာ လှည့်စားမှုနှင့် သံသယကို အခြေပြုသော စိတ်လှုပ်ရှားဆွတ်ပျံ့ဖွယ်ရာ ဝတ္ထုရှည်ကြီး တစ်ပုဒ် ဖြစ်သည်။ ..... စာရေးသူ၏ အရေးသားမှာလည်း စာဖတ်သူအား ညှို့ယူနိုင်စွမ်းရှိသည်။ ဇာတ်လမ်း၏အဓိကအားပြိုင်မှုကို ဖြစ်စေသော ဇာတ်ကောင်တို့၏ စရိုက်ကိုခြယ်မှုန်းရာတွင်လည်း ပီပြင်ပေါ်လွင်လှပေသည်။
ရေနံ့သာခင်ခင်ကြီး ဝတ္ထုတွင် ရေနံမြေအလုပ်သမားတို့၏ ဘဝနှင့်တိုက်ပွဲကို ပီပြင်စွာ သရုပ်ဖော်ထားခြင်း မရှိသော်လည်း၊ ရေနံလုပ်ငန်းနှင့် ရေနံလုပ်သားတို့၏ ဘဝတိုက်ပွဲကို အသိပေးသည့် စံနစ်ဖြင့် စာရေးဆရာက ဖော်ပြထားပါသည်။ ထို့ပြင် လွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်မှုနှင့် တော်လှန်ရေးလမ်းကြောင်းကိုလည်း ကြားဖြတ်ဖောက်သည်ချ ထားပါသည်။ ဤသည်မှာ စာရေးသူ၏ စေတနာဖြစ်ပါသည်။ စာရေးသူ ရပ်တည်သည့်ဘက်ကို အမြွက်မျှ ဖော်ထုတ်ရေး သားခြင်း ဖြစ်ပါသည်။ ... ရေနံ့သာခင်ခင်ကြီး ဝတ္ထုသည် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အောင်မြင်သော မြန်မာဝတ္ထုရှည်ကြီး တစ်ပုဒ် ဖြစ်ပါသည်။
အော်ဆွေး စာအုပ်ဟာ ဆရာမင်းလူရဲ့ အချစ်ဟာသဝတ္ထု တစ်ပုဒ်ဖြစ်ပါတယ်။
"အချစ်ရယ်၊အရက်ရယ်၊လောင်းကစားရယ်ဟာတော်တော်ကလေးတူညီတယ်။ စွဲစေတတ်တဲ့ အရာတွေ ချည်းပဲ"
The Guys Of Rangoon, 1930 စာအုပ်ဟာ ၁၉၃၀ ဝန်းကျင်က မြန်မာနိုင်ငံရဲ့အခြေအနေ ကို ထင်ဟပ်စေတဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
မှူးမတ်များနှင့် တွေ့ဆုံခြင်း စာအုပ်ဟာ ဆရာ ချစ်ဦးညိုရဲ့ ဝတ္ထုတိုစုစည်းမှုစာအုပ် ဖြစ်တယ်။ ထူးခြားတာက ဝတ္ထုတို တစ်ပုဒ်ချင်းစီတိုင်းဟာ မြန်မာ့သမိုင်းထဲက ထင်ရှားတဲ့ မှူးကြီးမတ်ရာပုဂ္ဂိုလ်တစ်ဦးဦးအကြောင်းကို အခြေခံပြီး ရေးသားထားတာတွေ ဖြစ်ကြတယ်။
ကျွန်ုပ်နှင့် ကြိုးဝိုင်းထဲက ဇာတ်ဆရာ မှာ ဆြာတွတ်တို့ ဆရာတပည့်နှစ်ယောက်ရဲ့ လက်ဝှေ့အစွမ်း ဘယ်ရှိမလဲ ကြည့်လိုက်ရအောင် ...
သိသောသူမည်ကား ကြားပါစေ - သိုးဆောင်း
ဇာတ်သိမ်းခန်းမပါတဲ့ဝတ္ထုမျိုးဖတ်ဖူးလား ? ကျေနာ့်အတွက်ကတော့ ဒါကပထမဆုံးပဲ ပီးတော့ ကြိုက်လဲကြိုက်တယ်။ ဇာတ်သိမ်းမပါလို့ မကျေနပ်တော့လဲ ကိုယ့်စိတ်ကူးနဲ့ကိုယ်ပဲ ဇာတ်သိမ်းပေးလိုက်ရုံပေါ့။
ဒီဝတ္ထုကတော့ ဆရာသိုးဆောင်း ရဲ့ “သိသောသူမည်ကား ကြားပါစေ”။
ကျနော့်အမြင်ကတော့ ဆရာက သိသောသူတိုင်းကို ကြားစေချင်ပုံရသလို သိရ၊ကြားရသမျှဟာလည်း အမှန်တရားတွေသာ ဖြစ်စေချင်ပုံရပါတယ်....။
ဒီစာအုပ်လေးဖတ်ပီးတော့ မျက်လုံးလေးမှိတ်ရင်း "ကသာကပါ ရွှေသုန္ဒရီရေ မောင်လည်း ကြည့်နေသည်...." ဆိုတဲ့ သီချင်းလေး ကြားယောင်ရင်း