မစန္ဒာ
မစန္ဒာ သည် ဦးထွန်းတင် စာရေးဆရာ
မန်းတင် နှင့် ဒေါ်သန်းတင် တို့၏ စတုတ္ထမြောက် သမီး ဖြစ်ပြီး ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့တွင် မွေးဖွားသည်။ ငယ်နာမည် ချိုချိုတင် ဖြစ်သည်။ ငယ်စဉ်က
ရန်ကုန်မြို့ မြို့မ အမျိုးသမီး အထက်တန်း ကျောင်းတက်ရောက်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် တက္ကသိုလ် ဝင်တန်း အောင်မြင်သည်။ ၁၉၆၅ ခုနှစ်တွင် ရန်ကုန် စက်မှု တက္ကသိုလ်သို့ တက်ရောက် ပညာ သင်ကြားပြီး ၁၉၇၁ ခုနှစ်တွင် ဗိသုကာ ဘွဲ့ကို ရရှိ ခဲ့သည်။ ဖခင် ဖြစ်သူ၏ အားပေး ကူညီမှုဖြင့် ငယ်စဉ် ကတည်းကပင် ဝတ္ထုများ ရေးသားရန် ကြိုးစား အားထုတ် ခဲ့သည်။ ပထမဦးဆုံး ပုံနှိပ်စာမှာ ၁၉၆၅ ခုနှစ် အောက်တိုဘာ လထုတ် ငွေတာရီ မဂ္ဂဇင်းပါ "ကျွန်မ ဆရာမ" ဝတ္ထုတို ဖြစ်သည်။ ၁၉၇၁ ခုနှစ်တွင် ပထမဆုံး လုံးချင်း ဝတ္ထု အဖြစ် "ငယ်သူမို့ မသိပါ" ကို ရေးသား ထုတ်ဝေ ခဲ့သည်။
View All Books