သော်တာဆွေ
ငယ်စဉ်ကပင် စာ၊ ကဗျာစသည်တို့ကို ဝါသနာပါခဲ့ပြီး ကျောင်းသားဘဝကတည်းက ကဗျာများ ရေးသားခဲ့ဖူးသည်။ ဖခင်ကြီးက အိမ်ပေါ်မှ နှင်ချသည့်အခါ စိတ်အညစ်ကြီးညစ်ကာ ရှုမဝမဂ္ဂဇင်းတွင် ဟာသဝတ္ထုများ စတင်ရေးသားသည်။ ၁၉၄၇ ခုနှစ် ဩဂုတ်လတွင် ရှုမဝတွင် ပထမဆုံး စာမူပါလာသည်။
ဘရန်ဒီတစ်ပုလင်း သည် အဦးဆုံးဝတ္ထုတို ဖြစ်သည်။
ယင်းနောက် ဆရာကြီး
ရွှေဥဒေါင်းနှင့်တွေ့ကာ စာများ စရေးဖြစ်ခဲ့ပြီး စုံထောက်ဝတ္ထုများ ရေးဖြစ်လာသည်။ ရှုမဝမှ အပါယ်ရတနာ (၁၉၄၇)၊ ရန်အောင် ရတနာ (၁၉၄၈) စသော စာအုပ်များ ထွက်ခဲ့သည်။ နောက်ပိုင်းတွင် အခြား စာစောင်မဂ္ဂဇင်းများတွင် ကူးပြောင်း ရေးသားခဲ့သည်။ ရှုမဝ စာအုပ်တိုက်မှ ဆရာသော်တာဆွေ၏ စာအုပ်များ ဆက်ထွက်လာသည်။ ၁၉၅၉ ခုနှစ်တွင်
အဟိ လစဉ် ဟာသမဂ္ဂဇင်းကို ကိုယ်တိုင်စတင် တည်းဖြတ်ထုတ်ဝေသည်။
သော်တာစာပေ အမည်ဖြစ် စာအုပ်ထုတ်ဝေရေး လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။
View All Books