ဆရာမ ခင်ခင်ထူးရဲ့ ခမည်းကြိုး စာအုပ်
" အချစ်ဆိုတာကလည်း တကယ်တော့ မနောဓါတ်နဲ့ စည်းနှောင်တဲ့ ခမည်းကြိုးတစ်ကြိုးပါပဲရှင် "
တာဝန် အရ သွားရမယ့်မြို့လေးကို ရထားစီးပြီးထွက်လာတဲ့ ခင်စောမူ တစ်ယောက် မကြေးစည် ဆိုတဲ့ ခရီးသွားဟန်လွှဲဆုံခဲ့ရသူ။ လူကြုံပါးလိုက်သော ဆယ်ပြားစေ့သာသာလောက်ရှိတဲ့ ကျောက်ပြားမည်းမည်းကလေး က အစပြုပြီး ကြုံရ ဆုံရ သိခဲ့ရ အဖြေရှာရနဲ့ ပြသာနာပေါင်း များစွာ ဖြေရှင်းရင်း။ အဲ့ဒီမြို့ဟောင်းလေးမှာ အရင်က သစ်ထုတ်လုပ်ရေးစခန်းတွေ ၊ စုန်းကဝေ ပညာသည်တွေ ရဲ့ တစိတ်တပိုင်းသော အတတ်ပညာအကြောင်းတွေ ၊ အချစ်ကြီးစွာ စွဲလမ်းမှုတွေ ၊ ဇာတ်ကောင်တစ်ဦးချင်းစီရဲ့ သဘောထားခံယူချက်တွေ၊ မကြုံဖူး မကြားဖူး မမြင်ဖူး မသိဖူးတဲ့ တွေးစရာ ဗဟုသုတတွေ အများကြီးပါတဲ့ စာအုပ်လေးပါ။