စက်မှုတက္ကသိုလ်မှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေနေဖို့ အတွက်ပေးထားတဲ့ အဆောင်တွေကို eng အက္ခရာ A, B, C, ဆိုတဲ့ နာမည်လေးတွေ ပေးထားရင်း နောက်ဆုံးအဆောင်ဖြစ်တဲ့ G ဆိုတဲ့ အဆောင်နာမည်လေးမှာ နေတဲ့မိန်းကလေးတွေကို အကြောင်းပြုပြီး ဂျီဟောသူ ဆိုတာ ဖြစ်လာခြင်း။
တခြားသူငါ အပြိုင်အဆိုင်လှနေပနေချိန်မှာ ဂျီဟောအဆောင်က မိန်းကလေးတွေကတော့ ၅ မိနစ်ထက်ပိုမကြာတဲ့ အလှပြင်နည်းဖြစ်တဲ့ သနပ်ခါးရေကျဲလိမ်း၊ ကျစ်ဆံမြည်းကျစ်၊ ထဘီတစ်စောင်းဝတ်ကာ ကျောင်းသွားပုံတွေ။
ဒီကြားထဲ အဆောင်ရှေ့ ဖြတ်လျှောက်လာသော ယောကျာ်းလေးတို့ကို ပြောင်ချော်ချော် လုပ်တက်ခြင်းတွေကြောင့် တော်ရုံလူတွေ ဆံလံသရခြင်း။
စရိုက်မတူ၊ အဆောင်နေ သူငယ်ချင်းတွေရဲ့ လက်ဖတ်သုတ်ဝိုင်းလေးကစလို့ မာနကို ရှေ့တန်းတင်ရင်းဖြစ်ပေါ်လာသော အလောင်းအစားတစ်ခုက နောင်တစ်ချိန် နှလုံးသားပါ ပါဝင်ပတ်သက်လာတဲ့အခါ
ဘယ်သူမှ အနိုင်မရှိတဲ့ကစားပွဲကို အဆုံးသက်ထိဆော့ကစားမိရာမှ ကိုရင်မောင် မမယ်မ အဖြစ် ခေါ်ဝေါ်ခဲ့ကျပုံတွေ…နောက်ဆုံးတော့လည်း မာနနဲ့နှလုံးသား ယှဉ်တွဲလာတဲ့ခါ…. အလောင်းအစားတွင် အနိုင်ရအောင် နှောင့်ယှက်ပုံတွေကို ရေးဖွဲ့ထားသော..