နတ်ရူးတွေ ၊ နတ်ကတော်တွေနဲ့ နတ်ကိုးကွယ်မှုတွေကို ထောက်ပြသရော်ထားတဲ့ နတ်ရူးတို့ကြောင်နိုင်ပေ့ စာအုပ် က (၁) ကနေ (၉) ထိ ပါပြီး နိဂုံးချုပ်တစ်ပုဒ်နဲ့ စုစုပေါင်း ဆယ်ပုဒ်ပါဝင်ပါတယ်။ နတ်ကိုးကွယ်မှုအပေါ် ဆရာကြီးရဲ့ အမြင်တွေကို ဖော်ပြထားပြီး ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ တွေးဆစရာ တခုခု ရလာမှာ အသေအချာပါပဲ။ အီကြာကွေးဆိုတဲ့နာမည်မြင်တာနဲ့ ရယ်ဖို့ ပြင်ထားရပြီဆိုတဲ့အတိုင်းပဲ တသောသောနဲ့ ရယ်ရပြုံးရမှာလည်း မလွဲပါပဲ။