‘မမ’ ဟာ အင်နာကာရနီနာဝတ္ထုကြီးကို မြန်မာမှုပြုပြီး ပြန်လည်ခံစား ရေးဖွဲ့ထားတဲ့ ဆရာမြရဲ့ နာမည်ကြီးလက်ရာတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ကို အပြီးထိ ဖတ်နိုင်ဖို့ဆိုရင် စာဖတ်သူဟာ တော်တော်စိတ်ခိုင်မှ ဖြစ်လိမ့်မယ်။ ဖတ်ပြီးသွားရင်လည်း “သြော် … မမရယ်” လို့ သက်ပြင်းချပြီး ရင်ထဲ စွဲကျန်နေလောက်အောင် ကောင်းတဲ့စာအုပ်။ ချစ်ခြင်းနှင့်မုန်းခြင်း၊ ဝမ်းသာခြင်းနှင့် ဝမ်းနည်းခြင်း၊ ကြည်နူးခြင်းနှင့် ကြေကွဲခြင်း၊ ကောင်းခြင်းနှင့် မကောင်းခြင်းတို့ ထွေးရောယှက်တင် ရှိနေတဲ့ လူ့ဘဝဋီကာ ဘုတ်အုပ်ကြီးကို ဘဝတစ်ခုလုံးနဲ့ရင်းပြီး ဖတ်ရှုခဲ့တဲ့ ‘မမ’ ဆိုတဲ့ မိန်းမတစ်ယောက်ဟာ စာဖတ်သူရဲ့ သိစိတ်မှာရော မသိစိတ်ထဲမှာပါ စူးစိုက်နစ်ဝင်သွားပါလိမ့်မယ်